Frequently Asked Questions

Service

Leather Lotion ကို ဘာကြောင့် သုံးသင့်တာလဲ


Luxury အိတ်တွေကို အိမ်မှာ ထိန်းသိမ်းချင်တဲ့ မမတို့အတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Bag Care Accessories ထဲမှာ Leather Lotion ကလည်း မပါမဖြစ်ပါပဲရှင့်


Leather Lotion ဆိုတာ Luxury အိတ်တွေရဲ့ Leather အမျိုးအစားပေါ်မူတည်ပြီး Leather တွေ မပျက်စီးအောင် သုံးပေးရတဲ့ Bag Care Accessories တစ်ခုပါ

Luxury အိတ်တွေကို Bag Spa ပို့စရာမလိုဘဲ Leather Lotion သုံးပြီး ကိုယ်တိုင် Caring လုပ်လို့ရပါတယ်


Leather Lotion က Leather ရဲ့ သက်တမ်းတွေကို ကြာရှည်ခံအောင် ဆွဲဆန့်ပေးနိုင်တဲ့အပြင်

Leather တွေ Shiny ဖြစ်ပြီး စိုလဲ့လဲ့လေးဖြစ်နေအောင်လည်း Leather Lotion ကို ပုံမှန် လိမ်းပေးသင့်ပါတယ်


ရာသီဥတုအပူချိန်ကြောင့်လည်း Leather တွေ ခြောက်သွေ့ပျက်စီးလာတာမျိုး ဖြစ်တတ်ပါတယ်ရှင်

ဒါကြောင့် Luxury အိတ်တွေ သိမ်းဆည်းတဲ့အခါ Leather lotion လိမ်းပြီးမှ သိမ်းဆည်းသင့်ပါတယ်


Leather Lotion မှာ UV protection ပါတာမို့ အပြင်သွားလာတဲ့အခါမှာလည်း UV Rays တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။


Leather Lotion ကို မလိမ်းခင်မှာတော့ အိတ်မှာ ကပ်နေမယ့် ဖုန်မှုန့်တွေကို သန့်ရှင်းရေးလုပ်ပြီးမှ လိမ်းပေးရမှာဖြစ်ပါတယ်။

Leather Lotion ကို ဘယ်လို အခြေအနေမျိုးမှာ ကိုယ့်ဘာသာကိုယ် သုံးလို့မရတာလဲဆိုတော့

ဖုန်မှုန့် အညစ်အကြေးတွေ အရမ်းများပြီး မှိုတွေ တက်စပြုနေရင် လိမ်းလို့ အဆင်မပြေနိုင်ပါဘူး


ဒီလိုအခြေအနေမျိုးမှာ Deep Cleansing မလုပ်ဘဲ Leather Lotion လိမ်းပေးလိုက်မယ်ဆိုရင် မှိုတက်ပြီး Leather တွေ ပိုမိုပျက်စီးနိုင်ပါတယ်။

ဒါကြောင့် အိတ်လေးက အရမ်းညစ်ပတ်နေပြီဆိုရင်တော့ ကိုယ့်ဘာသာ အိမ်မှာ သန့်ရှင်းရေးလုပ်တာမျိုး မလုပ်ဘဲ Bag Spa အပ်ပြီး Treatment ယူသင့်ပါတယ်။

Rain Cover Bag ကို ဘာကြောင့် သုံးသင့်တာလဲ?


အက်စစ်ပါတဲ့ မိုးရေတွေဟာ Leather တွေကို ဆိုးရွားစွာ

ထိခိုက်ပျက်စီးစေတာမို့ မိုးရာသီဟာ Luxury အိတ်တွေအတွက်

အန္တရာယ်များတဲ့ ကာလဆိုလည်း မမှားပါဘူး


အခုလို မိုးရာသီမှာ တန်ဖိုးကြီး အိတ်တွေကို အပြင်မှာ

ထုတ်ကိုင်ချင်တယ်

ပွဲတက်အခမ်းအနားတွေမှာ မဖြစ်မနေ သုံးရမယ့်

အခြေအနေမှာဆိုရင်

အိတ်တွေကို မတော်တဆ မိုးရေစိုသွားတာမျိုး မဖြစ်အောင်

Rain Cover Bag လေး သုံးသင့်ပါတယ်


Rain Cover Bag သုံးထားမယ်ဆိုရင်

အိတ်တွေ မိုးရေစိုပြီး ကာလာကွက်တာ

ဆေးတွေ ပျက်လာတာ

စိုထှိုင်းမှုကြောင့် မှိုတက်လာတာ

.... စတဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မှာပါ...


အိတ်တွေ မိုးရေစိုပြီး ပျက်စီးသွားလို့ ပြန်လည်ပြုပြင်ခ

ပြင်ဆင်စရိတ်အနေနဲ့လည်း အကုန်အကျ အများကြီး

သက်သာမှာဖြစ်ပါတယ်


ဒီလိုမျိုး Luxury အိတ်တွေအတွက် အရမ်းအသုံးဝင်တဲ့

#RainCoverBag ကို ညီမတို့ Revive မှာ ဝယ်ယူလို့ရပါပြီနော်...


Fancy Cover အရောင်တွေကို သိပ်သဘောမကျဘူးဆိုတဲ့ မမတို့

အလိုကိုလိုက်ပြီး ဒီနှစ်မှာ ဘယ်ဆိုင်မှာ မရှိတဲ့ အကြည်သားလေးတွေနဲ့

ထပ်ထုတ်ပေးထားပါတယ်...


Color အကြည်ရောင်မို့ Cover Bag တပ်ထားပေမယ့်

Luxury အိတ်ရဲ့ အလှကိုလည်း မဖုံးဘူးပေါ့နော်...

အလှလည်း မပျက်စေဘဲ Style ကျကျနဲ့ လှလှလေး သုံးလို့ရမှာပါရှင်


ဒါ့အပြင် ဒီ Cover Bag လေးတွေက UV Rays တွေကိုလည်း

ကာကွယ်ပေးနိုင်တာမို့ Luxury အိတ်တွေအတွက် မိုးရွာရွာ

နေပူပူ ဆောင်ကို ဆောင်ထားသင့်ပါတယ်


Size အနေနဲ့ဆိုရင်

Small / Medium / Large ဆိုပြီး size 3 မျိုးလာပါတယ်

ကိုယ့်အိတ်ရဲ့ Size ပေါ်မူတည်ပြီး ရွေးလို့ရပါတယ်နော်...


ဒီလိုမျိုး Luxury အိတ်တွေအတွက် မရှိမဖြစ် Accessories ဖြစ်တဲ့

Rain Cover Bag ကို မှာယူချင်တယ်ဆိုရင်တော့ 09779 779 809 ကို ဆက်သွယ်ပြီးဖြစ်စေ page messenger ကနေဖြစ်စေ မှာယူလို့ရပါပြီနော်...


အရေအတွက် ကန့်သတ်ထုတ်ထားပြီး Limited stock အနေနဲ့ ရောင်းချပေးသွားမှာမို့ လက်မနှေးဖို့တော့ လိုပါမယ်ရှင့်...

Revive မှာ အိမ်လာယူပေးတဲ့ Service ရှိလား?


ဒီနေ့မှာတော့ ညီမတို့ Revive မှာ အခုတလော အမေးများလာတဲ့ မေးခွန်းလေးတစ်ခုကို ဖြေကြားလိုက်ပါရစေရှင်...


အိတ်လေးကို Bag Spa တော့ အပ်ချင်တယ်

မအားသေးလို့... ဆိုင်ကို လာပို့ဖို့ အဆင်မပြေဘူး... အိမ်လာယူပေးလား?... ဆိုတဲ့ မမတို့အတွက်


တန်ဖိုးကြီး Luxury အိတ်လေးကို Spa အပ်တော့မယ်ဆိုရင်

စိတ်ချလက်ချနဲ့ အလွယ်တကူ ပို့ဆောင်လို့ ရအောင်

#ရန်ကုန်မြို့တွင်းသီးသန့် စီစဉ်ပေးထားတဲ့ Revive ရဲ့ စိတ်ချယုံကြည်ရတဲ့ #DeliveryService လေး ရှိပါတယ်ရှင်...


လာယူပေးရုံတင်မဟုတ်ဘဲ ပြန်ပို့ပေးနိုင်သေးတာကြောင့် တန်ဖိုးကြီးအိတ်လေးကို စိုးရိမ်ပူပန်စရာမလိုဘဲ စိတ်ချလက်ချBag Spa အပ်နိုင်ပါပြီနော်...


Luxury အိတ် ၁၀လုံးနဲ့ အထက်အပ်ဖို့ရှိတဲ့ မမတို့အတွက်ဆိုရင်တော့ Delivery Free စီစဉ်ပေးထားပါသေးတယ်ရှင့်...


တန်ဖိုးထားရတဲ့ အိတ်လေးကို မအားသေးလို့ Treatment မယူဘဲ ထားရင်းကနေ ပျက်စီးသွားတာမျိုး မဖြစ်ရလေအောင် အခုပဲ ဖုန်းဆက်သွယ်လိုက်တော့နော်...


Call Center Number

09-779 779 809


No.25, Room 305, Lift 3, Beside JK Aesthetic & Skin Care, Damazadi Road, Yuzana Business Tower, In front of Happy Zone ( People Park ), Sanchaung Township, Yangon.

Car Parking is available in front of the building, Happy Zone, and People’s Park.


Business Hours -

Tue - Sun ( 9:00 AM to 4:30 PM )

Officially Closed on Monday

Luxury အိတ်တွေကို အိမ်မှာ ထိန်းသိမ်းတာနဲ့ Bag Spa ပုံမှန်ပို့တာ ဘာတွေ ကွာခြားလဲ❓


Luxury အိတ်ချစ်သူမမတို့ အမြဲလိုလို တွေးမိတတ်တာက Luxury အိတ်တွေကို Bag Spa ပို့ဖို့ တကယ်ရော လိုအပ်ရဲ့လား ဆိုတာပါပဲ... 

ဘာလို့လဲဆိုတော့ ကြားဖူးထားတဲ့ နည်းလမ်းတွေနဲ့ အိမ်မှာ ဖြေရှင်းတာလည်း အဆင်ပြေနေတာပဲလို့ ထင်တတ်ကြပါတယ် ❗️


အမှန်တကယ်လည်း အိမ်မှာ ကိုယ်တိုင် အလွယ်တကူ Spa ပြုလုပ်လို့ရပါတယ်


ဒါပေမယ့် တစ်ချို့ Luxury အိတ်တွေက Spa ပို့စရာမလိုဘဲ အိမ်မှာတင် အလွယ်တကူ Home Spa လုပ်လို့ရပေမယ့် တစ်ချို့အိတ်တွေကျတော့ Home Spa လုပ်လိုက်မှ ပိုပျက်စီးသွားတတ်တာမျိုး ရှိပါတယ်


Luxury အိတ်တွေကို ဘယ်လိုအခြေအနေမှာ Home Spa လုပ်လို့ရနိုင်လဲ ဆိုတော့

1️⃣ Leather အိတ်တွေ ဖုန်တက်လာတဲ့အခါ အပေါ်ယံ သန့်ရှင်းရေး လုပ်ပေးတာ

2️⃣ အရောင်မွဲခြောက်စပြုလာရင် Leather Lotion ပြန်လိမ်းပေးလိုက်တာ

3️⃣ မှိုတက်စပြုလာတာဆိုရင် လိုအပ်တဲ့ဆေးဘူးတွေ အသုံးပြုပြီး သန့်ရှင်းရေး ပြုလုပ်တာ

... စတဲ့ Treatment လေးတွေ အလွယ်တကူ ပြုလုပ်လို့ရပါတယ်


ဒါပေမယ့် Luxury အိတ်တွေမှာ

1️⃣ အဆီတွေ ကွက်ကုန်တာ

2️⃣ အရောင် စွန်းသွားတာ

3️⃣ မှင်စွန်းတာတွေဆိုရင်တော့


❌ ကိုယ်တိုင်လုပ်ဖို့ အဆင်မပြေတော့ပါဘူး ❌


တစ်ချို့ အိတ်ပိုင်ရှင်တွေအနေနဲ့ အိတ်တွေ မတော်တဆ အပေါ်ကလိုမျိုး ဖြစ်သွားချိန်မှာ

Wet Tissue ၊ Toner ၊ Alcohol ပါတဲ့ လက်သန့်ဆေးရည်တို့နဲ့ အလွယ်တကူ သုတ်လိုက်တာမျိုး လုပ်မိတတ်ကြပါတယ်

ဒီလို လုပ်လိုက်မယ်ဆိုရင် အိတ်ရဲ့ leather တစ်ခုလုံး ပျက်စီးသွားနိုင်ပြီး Bag Spa ပို့တဲ့အခါလည်း

တစ်အိတ်လုံး ပြုပြင်ရတာမို့ ပြန်လည်ပြုပြင်ထိန်းသိမ်းခကလဲ အရမ်းများပါတယ်


ဒါကြောင့် ဒီလိုမျိုး အခြေအနေမှာတော့ Bag Spa ကို ချက်ချင်း ပို့သင့်ပါတယ်❗


Luxury အိတ်တွေကို ကိုယ်တိုင် Home Spa ပြုလုပ်တာက နည်းမှန်လမ်းမှန်ဖြစ်ဖို့လည်း လိုပါသေးတယ်

နည်းလမ်းမှားနေရင် Luxury အိတ်တွေကို ပိုမိုပျက်စီးသွားစေနိုင်တဲ့အတွက် Luxury အိတ်ပိုင်ရှင်မမတို့အနေနဲ့ အထူးသတိထားသင့်ပါတယ်ရှင်


Bag Spa ကို ပို့မယ်ဆိုရင်တော့ အိမ်မှာ လိုက်လုပ်ဖို့ မလွယ်ကူတဲ့ Step by step အဆင့်တွေကို အသုံးပြုပြီး Professional Staff တွေ ကိုယ်တိုင် Treatment လုပ်ပေးတာမို့ Luxury အိတ်တွေအတွက် စိတ်ချရစေမှာ အမှန်ပါပဲရှင်💯


မမတို့ရဲ့ တန်ဖိုးကြီး Luxury အိတ်တွေကို Bag Spa ပို့ဖို့ လိုအပ်နေပြီဆိုရင်တော့ ညီမတို့ရဲ့ Founder ကိုယ်တိုင် Well Trained ပေးထားတဲ့ ကျွမ်းကျင် Professional Staff များနဲ့ တန်ဖိုးကြီး Luxury Brand မျိုးစုံကို စနစ်တကျ ပြုပြင်ထိန်းသိမ်းပေးနေတဲ့ Revive ကိုသာ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်🤗

Luxury အိတ်တွေကို ဘာကြောင့် Spa လုပ်ပေးဖို့ လိုတာလဲ❓


ဒီနေ့မှာတော့ Luxury အိတ်ပိုင်ရှင်တွေ အမေးအများဆုံး မေးခွန်းလေးတစ်ခုဖြစ်တဲ့ Luxury အိတ်တွေကို ဘာကြောင့် Spa လုပ်ပေးဖို့ လိုတာလဲ ဆိုတာကို ရှင်းပြပေးချင်ပါတယ်ရှင်...💁‍♀️


Luxury အိတ်တွေက သုံးတာ ကြာလာတဲ့အခါ ဖုန်မှုန့်အညစ်အကြေးတွေကပ်ပြီး အရောင်တွေ မွဲခြောက်ခြောက်ဖြစ်လာတတ်ပါတယ်

ဒါကြောင့် ပြန်ပြီး တောက်ပြောင်သွားအောင် Spa ပြန်လုပ်ပေးဖို့ လိုပါတယ်


Luxury အိတ်ပိုင်ရှင်တွေက အိတ်တွေ အရောင်ညစ်နွမ်းလာရင် Leather တွေအတွက် သုံးလို့ရတယ်ဆိုတဲ့ အဆီတစ်မျိုးမျိုးနဲ့သုတ်လိုက်တဲ့အခါ ချက်ချင်းပြောင်လက်သွားတာကြောင့် Spa ကို တကူးတကသွားပြီး Treatment ယူစရာမလိုတော့ဘူးလို့ ထင်တတ်ကြပါတယ်❗


Luxury အိတ်တွေရဲ့ Leather တွေဟာလည်း အချိန်ကြာလာတာနဲ့အမျှ ဖုန်မှုန့်အညစ်အကြေးတွေ စုပုံလာတာမို့ လူတွေရဲ့ Skin တွေလို Deep Cleansing လုပ်ပေးဖို့ လိုပါတယ်


ဒီလိုမျိုး Deep Cleansing လုပ်နိုင်ဖို့ဆိုတာကလည်း Bag Spa တွေမှာ Step by Step တစ်ဆင့်ချင်း စနစ်တကျ Cleansing လုပ်နိုင်မှ ဖုန်မှုန့်အညစ်အကြေးတွေကို ဖယ်ရှားနိုင်မှာပါ 🙆‍♀️


အိမ်မှာကိုယ်တိုင် အပေါ်ယံ သန့်ရှင်းရေး လုပ်တာက ယာယီအတွက်တော့ အဆင်ပြေပေမယ့် ရေရှည်မှာဆိုရင်တော့

▪ Leather အိတ်တွေမှာ သိသိသာသာ color တွေ ကျလာတာ

▪ Leather သက်တမ်း ကြာရှည်မခံစေတာ

▪ ဖုန်မှုန့်တွေကနေ ကပ်ငြိကျန်ခဲ့တဲ့ မှိုတွေကြောင့် Leather တွေ ဆွေးမြေ့ပျက်စီးသွားတာ

.. စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်


ဒါကြောင့်မို့လို့ စျေးကြီးပေးဝယ်ထားရတဲ့ Luxury အိတ်တွေကို အိမ်မှာ ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းတာထက် Spa အပ်ပြီး Treatment ပုံမှန်လုပ်ပေးသင့်တယ်ဆိုတာလေး အကြံလေးပြုပေးပါရစေရှင့် 🥰


တန်ဖိုးကြီး Luxury အိတ်တွေကို နဂိုရှိရင်းစွဲအနေအထားကနေ အသစ်နီးပါး Condition အဖြစ်ပြောင်းလဲသွားနိုင်ဖို့ Revive ကိုသာ တာဝန်ပေးလိုက်ပါနော်... ❣