Treatment Bag Spa ဘာကြောင့် လုပ်သင့်တာလဲ?

Treatment Bag Spa ဘာကြောင့် လုပ်သင့်တာလဲ?


Treatment Bag Spa ဘာကြောင့် လုပ်သင့်တာလဲ?

Spa လုပ်ရတဲ့ အကြောင်းအရင်းများစွာထဲကမှ ဘာကြောင့်လုပ်သင့်တယ်ဆိုတာလေးကို Revive မှ အဓိက ပြောပြပေးသွားပါ့မယ်ရှင်

ညီမတို့ ခနခနကြားနေရတဲ့ Leather တွေ ကွဲအက်ပြီး ဘာကြောင့် အဖက်တွေလန်လာရတာလဲ? ဆိုတာလေးကို ပထမဆုံးအနေနဲ့ အကျယ်ချဲ့ပြောရမယ်ဆိုရင်


🔺 70% သော အချက်က Leather Treatment ပုံမှန် မပြုလုပ်ခြင်း 🔺

⚠️ အခုပြောပြထားတဲ့ ပြသနာလေးတွေကို မကြုံဖူးသေးဘူးဆိုရင်တော့ အိမ်မှာ သိမ်းထားတဲ့ Luxury Branded အိတ်လေးတွေကို ပြန်စစ်ကြည့်ဖို့ တိုက်တွန်းပါတယ်ရှင်။

1️⃣ Leather အိတ်တွေကို လုံး၀ မသုံးရသေးဘဲ အသစ်တိုင်းရှိရင်းကနေ အလိုလို ကွဲအက်လာတဲ့အခါ

2️⃣ ဝယ်ထားတာ မကြာသေးဘဲ အိတ်ကို သိမ်းထားပြီး စသုံးကာမှ Leather တွေ ကွာထွက်လာတာ၊ အက်ကြောင်းတွေ ပေါ်လာတဲ့အခါ

3️⃣ လုံးဝအသစ်ကြီး၊ သူ့ပါကင်အတိုင်းဘဲ သိမ်းထားတာ၊ ထုတ်ကြည့်တော့ အသစ်တိုင်း၊ လက်ဆောင်ပေးဖို့ သန့်ရှင်းရေး လုပ်လိုက်ကာမှ ဟိုနားက အက်ကြောင်းဖြစ် ဒီနားက Leather လေးတွေ လန်တာမျိုး ကြုံရတဲ့အခါ

😧 ဟာ …ဟယ်…. ဆိုတဲ့ စိတ်မကောင်းခြင်းများစွာနဲ့ ဘာကြောင့် ဒီလိုတွေဖြစ်ရတာလဲ ခေါင်းကုတ်ပြီး အဖြေရှာနေမိမယ် ထင်ပါတယ်။

Leather အစစ် - Genuine Leather တွေကတော့ အဖက်လန်ပြီး ကွာထွက်လာတာတွေ မဖြစ်ပါဘူး… ဒါပေမယ့် Treatment မလုပ်ထားဘူးဆိုရင်တော့ အချိန်ကြာလာတာနှင့်အမျှ မာကြောပြီး ကွဲအက်လာတတ်ပါတယ်။

ဒါဆိုရင် 30 % သော Leather တွေက အဖက်တွေလန်ပြီး ကွာထွက်လာရခြင်းအကြောင်းက -


🔺 10% Artificial PU Leather – Leather အတု 🔺

1️⃣ Leather အတုတွေကတော့ အချိန်ကာလ တစ်ခုထိသာ ခံနိုင်ရည်ရှိလို့ ၀ယ်ယူတဲ့အခါ သတိပြုသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။

2️⃣ တော်တော်များများ Leather အိတ်တွေကတော့ Artificial Leather တွေကိုသာ အသုံးပြုထုတ်လုပ်ထားကြောင့် မကြာခင်မှာတင် Leather အပေါ်ယံဆေးတွေ ကွာကျလာပြီး ပျက်စီးလာပါတယ်။


🔺 10% အမှတ်မထင် ပြုပြင်ထိန်းသိမ်းပုံ မှားယွင်းမှု 🔺

1️⃣ အိတ်တွေကို လေလုံအောင် သိမ်းဆည်းထားခြင်း

2️⃣ သိမ်းဆည်းရာတွင် အခြားပစ္စည်းတစ်ခုခုနှင့် ဖိမိကာ ခေါက်ရိုးကျိုးရာမှ Leather တွေ ကွဲထွက်လာခြင်း

3️⃣ မိမိကိုယ်တိုင် မှားယွင်းသော အချက်များဖြင့် Leather အိတ်တွေကို သန့်ရှင်းရေး ပြုလုပ်မိခြင်း

4️⃣ Leather တွေကို ရေနှင့် စိမ်ကာ လျှော်မိခြင်း


🔺 10% Leather အိတ်ရဲ့ Production Date 🔺

1️⃣ Leather အိတ်ရဲ့ ထုတ်လုပ်ချိန်နှင့် မိမိဆီရောက်ရှိချိန်သည် မည်မျှ ကြာနေသည်ကို မသိနိင်ပါ

2️⃣ Discount Sale ချထားသော အိတ်သည် Discount ဈေးနှင့် သတ်မှတ်ထားတဲ့ အချိန် အတိုင်းအတာ ရှိသလောက်သာ အသုံးပြုနိုင်ပါမည်

.... စတဲ့ အချက်တွေကြောင့် သတ်မှတ်ထားတဲ့ အချိန်ကာလထိကြာရှည်မခံဘဲ Leather တွေ ကွဲထွက်၊ ကွာလာတာတွေ ဖြစ်တတ်ပါတယ်။

ဒါဆိုရင် Bags Spa ဘာကြောင့်လုပ်သင့်တယ်ဆိုတာထက် ဘယ်လိုမျိုး အချက်တွေကြောင့် လုပ်သင့်တယ်ဆိုတာလေးကို သိသွားမယ်လို့ ယုံကြည်ပါတယ်ရှင်