တန်ဖိုးမကျသွားတဲ့အပြင် ရောင်းဈေးပါတိုးလာတဲ့ Luxury Bag ၇ မျိုး

တန်ဖိုးမကျသွားတဲ့အပြင် ရောင်းဈေးပါတိုးလာတဲ့ Luxury Bag ၇ မျိုး


🅗.🅔.🅡.🅜.🅔.🅢 Long Strap Evelyne Bag Epsom TPM

1978 ခုနှစ်မှာ ပထမဆုံးအနေနဲ့ equestrian goods လို့ခေါ်တဲ့ ပစ္စည်းသယ်ယူပို့်ဆောင်ရေး အိတ်အနေနဲ့ ထုတ်လုပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်အလယ်ပိုင်းမှာတော့ Capsule လို့ခေါ်တဲ့ ဆေးတောင့်ပုံစံအိတ်အသွင်ကို ပြောင်းလဲ ထုတ်လုပ်ခဲ့တဲ့ Hermès Evelyne အိတ်လေးရဲ့ သဘောကျဆုံးအချက်ကတော့ သူ့ရဲ့ size နဲ့ function ကြောင့်ပါပဲ Compact & convenient ဖြစ်တာကြောင့် လူကြိုက်များ ရေပန်းစားပြီး နံပါတ်တစ်ဖြစ်နေတဲ့အချက်ကတော့ အံ့သြစရာပါပဲရှင်


🅗.🅔.🅡.🅜.🅔.🅢 Birkin Handbag

Waiting List အကြာဆုံးနဲ့ Famous အဖြစ်ဆုံး Iconic ဖြစ်တဲ့ အိတ်ထဲမှာ Hermès Birkin ကလဲ တစ်ခုအပါဝင်ဖြစ်ပါတယ် မက်မောလောက်စရာဒီဇိုင်းနဲ့ အလွယ်တကူဝယ်ယူဖို့ ခဲယဥ်းတာကြောင့် Luxury အိတ်ချစ်သူတွေကြား ရေပန်းစားနေပြီး သူ့ရဲ့ ရှားပါးမှုကြောင့် desire and demand ကတော့ မမျှဘဲ Resale Value တွေ မြင့်တက်လာရခြင်းဖြစ်ပါတယ် Leather နဲ့ Hardware ပေါ်မူတည်ပြီး Hermès Birkin ရဲ့ Resale Value က ဝယ်ယူချိန်ထက် မြင့်မားတဲ့ နှုန်းထားတစ်ခုလဲ ရှိတတ်ပါတယ်


🅗.🅔.🅡.🅜.🅔.🅢 Himalaya Kelly 25 Handbag

CLAIRE ရဲ့ ရှာဖွေတွေ့ရှိချက်များအပေါ်အခြေခံပြီးတော့ လက်လီစျေးနှုန်း 85% နီးပါးဖြင့် အရောင်းဝယ်ဖြစ်နေတဲ့ Luxury Bag လေးကတော့ Market မှာ Resale Value တန်ဖိုးတက်လာတဲ့ Luxury Brand ထဲက Top ဖြစ်နေတဲ့ 🅗.🅔.🅡.🅜.🅔.🅢 အိတ်လေးပဲဖြစ်ပါတယ်။ ဒီဒေတာကိုတော့ လွန်ခဲ့တဲ့နှစ်က Christie's Auction မှာ Himalaya collection အဖြစ် US$ 241,800 ဖြင့် ရောင်းချခဲ့တဲ့ ဒီအိတ်လေးက သက်သေပဲဖြစ်ပါတယ်။


🅒.🅗.🅐.🅝.🅔.🅛 Boy Handbag

Chanel ၏ စျေးနှုန်းချိန်ညှိမှုများကြောင့် affect ဖြစ်ခဲ့တဲ့ နောက်ထပ်ဒီဇိုင်းကတော့ ၂၀၁၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ Chanel Boy လေးပါ Classic ပုံစံနဲ့ ဘက်စုံသုံးနိုင်တဲ့ ဒီဇိုင်းတို့ကြောင့် Beyonce နဲ့ Blake Lively တို့ဟာဆိုရင် Celerbrites များစွာရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီး အထင်ရှားဆုံး Iconic Design များထဲမှ တစ်ခုဖြစ်လာခဲ့ပါတယ် အိတ်ရဲ့ Retail Price တက်လာခြင်းကြောင့် Resale Value ကလဲ အခုချိန်ထိ Market မှာ High ဖြစ်နေတုန်းပါပဲရှင်


🅛.🅥 Neverfull Tote

၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့ပေမယ့် အခုချိန်ထိ လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ပထမဆုံး မြင်ရတဲ့ ဒီဇိုင်းအတိုင်း ချစ်ဖို့ကောင်းနေဆဲ အိတ်လေးကတော့ Neverfull Tote bag လေးပါပဲ အကယ်လို့ မတို့မှာ Neverfull Tote bag လေးရှိမယ်ဆိုရင် resale value ဟာ 80% အထက်မှာရှိပြီး အခုချိန်ထိ လူကြိုက်များနေဆဲ၊ Collection Bag ဖြစ်နေဆဲ၊ သုံးနေကြဆဲ Hot time Luxury Bag လေးဖြစ်ပါတယ်


🅒.🅗.🅐.🅝.🅔.🅛 Classic Single Flap Bag Quilted Caviar Mini

Chanel ရဲ့ Classic Flap Bag ဆိုရင် မသိသူမရှိလောက်အောင် အိတ်ချစ်သူတွေ လူကြိုက်များရေပန်းစားပြီး အရောင်းရဆုံး ထိတ်တန်းဝင်စာရင်းမှာ နေရာယူထားတဲ့အပြင် ဒီအိတ်လေးက ၁၉၈၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Chanel Classic Double Flap Bag နဲ့ဆင်တူတဲ့ လူကြိုက်များနေဆဲ Luxury Bag လေးလဲဖြစ်ပါတယ်။ 2019 ခုနှစ်မှစပြီး Retail Price 53% တိုးလာခဲ့တဲ့ အိတ်လေးလဲဖြစ်ပါတယ်


🅛.🅥 OnTheGo Tote Limited Edition Reverse Monogram Giant MM

ရိုးရှင်းတဲ့အလှနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ဒီဇိုင်းကိုမှ စွယ်စုံသုံးနိုင်တဲ့ အိတ်လို့ တင်စားထားတဲ့ ဒီအိတ်လေးကို ၂၀၂၀ ခုနှစ်မှာ ပထမဆုံး ထုတ်လုပ်ခဲ့ပြီး Daily essentials မှာ မရှိမဖြစ်လိုအပ်တဲ့အရာအားလုံးကို ထည့်သွင်းနိုင်ပြီး ကျယ်ပြန်တဲ့ Space ရှိတာကြောင့် လူကြိုက်အများဆုံး အိတ်ထဲက တစ်ခုအပါဝင်ဖြစ်ခဲ့ပါတယ်။ Limited Stock ဖြစ်တာကြောင့် Retail Store မှာတောင် ဝယ်ယူရခက်ခဲပြီး ဝယ်ယူသူတွေများနေတာကြောင့် Resale Market မှာတော့ အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အိတ်လေးပါရှင်