How to take care of your Gucci Bag

How to take care of your Gucci Bag


❤️ မတို့မှာ ဈေးကြီးပေးဝယ်ထားရတဲ့ Gucci အိတ်လှလှလေးတစ်လုံးရှိတယ်ဆိုရင်

အခုပြောမယ့် အကြောင်းအရာလေးက တကယ်ကို အကျိုးရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်ရှင်

🗨️ ဈေးကြီးလဲ ပေးဝယ်ထားရတယ်

🗨️ ရေရှည်လဲ မခံဘူး

🗨️ ခနခန ထိန်းသိမ်းမှု၊ ပြုပြင်မှုတွေ လုပ်နေရတယ်လို့ တွေးကောင်းတွေးနိုင်ပြီး expense တွေ တက်လာတာကို အလိုမကျ ဖြစ်နေလိမ့်မယ်ထင်ပါတယ်

🔺 ဒါပေမယ့် ဈေးကြီးပေးဝယ်ထားရတဲ့ Luxury အိတ်လေးတွေဆိုတာ ဈေးကြီးတာကြောင့် super bag ဖြစ်တယ်လို့ဆိုလိုတာမဟုတ်ဘဲ ဈေးအများကြီးပေးထားတာကြောင့် resistant ဖြစ်ရမယ်လို့လဲ တထစ်ချ မှတ်ယူထားလို့ မရပါဘူးရှင်

ဒါကြောင့် မတို့ရဲ့ luxury အိတ်လှလှလေးကို နေ့စဉ်၊ လစဉ် caring လုပ်ပေးဖို့ လိုအပ်ပါတယ်ရှင်


1. ထိန်းသိမ်းမှု

💼 Luxury အိတ်လေးတွေကို မသုံးဖြစ်တော့တဲ့အခါ Dust bag လေးနဲ့ ပြန်လည် သိမ်းဆည်းထားပေးဖို့ လိုအပ်ပါတယ်ရှင်

🔺 ဘာကြောင့်လဲဆိုရင် အသုံးပြုစဉ် / ပြုပြီးတဲ့အချိန်မှာ အနည်းနဲ့အများ ဖုန်စလေးတွေ ကပ်ညိနေတတ်ပါတယ်

🔺 Dust Bag လေးတွေမရှိဘူးဆိုရင်တော့ Recommend ပေးတဲ့အနေနဲ့ white clean pillow case လိုမျိုး ပျော့ပြောင်းသန့်စင်တဲ့ ပိတ်စလေးတွေ သုံးပေးနိုင်ပြီး ညီမတို့ Revive မှာလဲ Dust Bag size မျိုးစုံ မှာယူနိုင်ပါတယ်ရှင်


2. ပုံသဏ္ဌာန်

🔺 သိမ်းဆည်းတဲ့ အပိုင်းပြီးရင်တော့ နောက်ထက် အရေးကြီးတဲ့ အချက်ကတော့ luxury အိတ်လေးရဲ့ shape ပါပဲ

🔺 ဈေးကြီး ပေးဝယ်ထားရပြီး ဖြစ်တာကြောင့် ပုံစံမကျဘဲ ပျော့တွဲကျနေမယ်၊ ခေါက်နေမယ်ဆိုရင် leather တွေကွာလာတာ၊ အဖတ်လန်တာတွေ ဖြစ်တတ်ပါတယ်

🔺 အပေါ်ကလိုမျိုး အချက်လေးတွေကို ရှောင်ကြဉ်ဖို့ဆိုရင်တော့ luxury အိတ်လေးတွေမှာ သီးသန့် သုံးတဲ့ pillow လေးတွေကို အသုံးပြုလို့ရပါတယ်

🔺 Size သီးသန့်ရှိလို့ ညီမတို့ Revive မှာပဲ မတို့ရဲ့ luxury အိတ် Brand နာမည်လေးပြောပြီး မှာယူနိုင်ပါတယ်


3. အနံ့အသက်

👜 မတို့အနေနဲ့ အရမ်းကြိုက်နှစ်သက်လို့၊ Lucky bag လေးလို့ ခံယူထားတဲ့ အိတ်လေးတွေရှိမယ်ဆိုရင်တော့ ဘယ်သွားသွား သယ်ဆောင်သွားလေ့ရှိမယ်လို့ ထင်ပါတယ်နော်

🔺 အမြဲတန်း ဘယ်လိုမျိုး outfit နဲ့ပဲတွဲတွဲ လိုက်ဖက်နေတာမျိုးပေါ့

🔺 ဒါပေမယ့် သတိထားရမယ့် အချက်တစ်ချက်တော့ရှိတယ်နော်

👜 Luxury အိတ်လေးကို အချိန်ကြာမြင့်အောင် လပေါင်း၊ ရက်ပေါင်းများစွာ အသုံးပြုပြီးလို့

▫️ ခေတ္တသိမ်းဆည်းတာတာဖြစ်စေ၊

▫️ ဆက်မသုံးတော့တာဖြစ်စေ၊

ပြန်လည်သိမ်းဆည်းတော့မယ်ဆိုရင်တော့ -

▫️ အနံ့အသက်တွေ မကျန်အောင်၊

▫️ အခုလို စိုထိုင်းစများတဲ့ ရာသီမျိုးမှာ အစိုဓာတ်တွေ မကျန်အောင်

▫️ ပစ္စည်းကိရိယာတွေ မကျန်အောင် သေချာလေး စစ်ဆေးဖို့တော့ လိုပါမယ်နော်

🔺 ကပ်ညိနေတဲ့ဖုန်းစလေးတွေ မရှိမှ၊ မညစ်ပတ်နေမှ၊ အနံ့အသက်လေးတွေ မရှိတော့မှ သိမ်းဆည်းဖို့ အကြံပြုပါရစေရှင် ( silica လိုမျိုး အစိုဓာတ်စုပ်ယူပေးတဲ့ ပစ္စည်းလေးတွေကိုလဲ ထည့်ပေးထားလို့ ရတယ်နော် )

🗨️ ဒီအချက်တွေအတွက် အချိန်ပေးဖို့ လိုအပ်တယ်ဆိုရင်တော့ ညီမတို့ Revive မှာ Treatment spa ဝန်ဆောင်မှုလေးကို အပ်ထားလို့ရပါတယ်ရှင်


4. သန့်စင်မှု

👜 မြတ်နိုးရတဲ့ Luxury အိတ်လှလှလေးမို့ အမြဲသုံးဖြစ်နေတယ်ဆိုရင်တော့ သန့်ရှင်းရမယ့် အပိုင်းလေးလဲ လုပ်ပေးဖို့ မမေ့သင့်ဘူးနော် မတို့ရေ

🔺 နေ့စဉ် daily run နေရတဲ့အခါ ဖုန်မှုန့်တွေ၊ လက်နဲ့ ခန္ဓာကိုယ်က ထွက်တဲ့ ချွေးစီတွေကြောင့် damage ဖြစ်ဖို့က ရှောင်လွဲလို့ မရနိုင်ပါဘူး

🔺 ဒါကြောင့် ကိုယ်တိုင်လဲ အိမ်မှာ သန့်ရှင်းပေးဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ညွှန်းပေးရမယ်ဆိုရင် ဖုန်တွေ၊ ညစ်ပေနေတာတွေ မရှိတာသေချာပြီဆိုမှ နူးညံ့တဲ့ အဝတ်သန့်လေးနဲ့ ပွတ်ပေးလို့ရပါတယ်

⚠️ အနည်းဆုံး တစ်နေ့တစ်ခါ လုပ်ပေးသင့်ပြီး အများဆုံး ၃ လ တစ်ကြိမ်တော့ Treatment spa အပ်သင့်ပါတယ်ရှင်

👜 တကယ်လို့ luxury အိတ်လှလှလေးပျက်စီးမှာ စိုးရိမ်နေရတယ်၊ ထိန်းသိမ်းမှုအခက်အခဲရှိနေတယ်ဆိုရင်လဲ ညီမတို့ Revive ရဲ့ founder အမရဲ့ Free consultation လေးလဲ ယူထားလို့ ရပါတယ်နော်


ဆိုင်မှာ အချိန်ပြည့်မရှိနိုင်တာကြောင့် ( Appointment လေးတော့ ကြိုလုပ်ထားပေးရပါမယ်ရှင် )


Just Appointment Now

☎️ 09-779 779 809